ရိုးရာမပျက်ဆင်နွှဲပျော် မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်

ရိုးရာမပျက်ဆင်နွှဲပျော် မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်

မန္တလေးမြို့ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် ပြည်သူများ စိတ်လက်ချမ်းသာစွာ ရေဆော့ကစားနိုင်ရန် မန္တလေးမြို့တော်၏ ဌာနအသီးသီးမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေပါသည်။မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့မှလည်း ယာဉ်အန္တရာယ်ကင်းရှင်းစေရန် နေ့မအားညမအား တာဝန်ထမ်းဆောင်ပေးနေပါသည်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မန္တလေးမြို့တော်ကြီး အတာသင်္ကြန်တွင် သန့်ရှင်းလှပသာယာနေစေရန် အားတက်သရော တာဝန်ထမ်းဆောင်ပေးနေပါသည်။ ပြည်သူများ၏ ထိခိုက်ဒဏ်ရာရရှိမှုများမှ အကာအကွယ်ပေးရန် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းမှ အချိန်ပြည့်ဝန်ဆောင်မှုပေးနေပါသည်။ မန္တလေးမြို့သူမြို့သားများကလည်း စည်းကမ်းတကျ အတာရေသဘင်ပွဲ ဆင်နွှဲနေကြသဖြင့် အနယ်နယ်အရပ်ရပ်မှ ပါဝင်ဆင်နွှဲလိုသူများလည်း လာရောက်လည်ပတ်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ ရိုးရာမပျက်ဆင်နွှဲပျော် မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်

Leave a Reply

Close Menu