International Tourism exceeds expectations in the first months of 2018

International Tourism exceeds expectations in the first months of 2018

(၂၆) ရက် ဇွန်လ ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်သော United Nations World Tourism Organization (UNWTO) ၏ ထုတ်ပြန်ချက်အရ ၂၀၁၈ခုနှစ် ပထမ (၄) လအတွင်း ကမ္ဘာတစ်ဝှမ်း နိုင်ငံတကာခရီးသွားဧည့်သည်ဝင်ရောက်မှုသည် ၂၀၁၇ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၆ ရာခိုင်နှုန်းတိုးတက်လာပြီးUNWTO၏ ၂၀၁၈ခုနှစ်အတွက် ခန့်မှန်းချက်ထက် ပိုများလာခြင်းကို တွေ့ရှိရပါသည်။ ရလာဒ်များအရ အာရှနှင့် ပစိဖိတ်တွင် ၈ ရာခိုင်နှုန်း၊ ဥရောပတွင် ၇ ရာခိုင်နှုန်း၊ အာဖရိကတွင် ၆ ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်းတွင် ၄ ရာခိုင်နှုန်းနှင့် အမေရိကတွင် ၃ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ကိုတွေ့ရှိရပါသည်။ ယခုနှစ်အစောပိုင်းတွင် UNWTO၏ ခန့်မှန်းချက်မှာ ၄ – ၅ ရာခိုင်နှုန်းအတွင်းဖြစ်ပြီး မျှော်မှန်းချက်ထက် ပိုမိုတိုးတက် လာသည်ကို သိရှိရပါသည်။

နိုင်ငံတကာခရီးသွားလုပ်ငန်းသည် ကမ္ဘာတစ်ဝှမ်းတွင် သိသာထင်ရှားသော တိုးတက် ပြောင်းလဲမှုများဖြစ်စေနိုင်ပြီး စီးပွားရေးလုပ်ငန်းများစွာအတွက် အလုပ်အကိုင်အခွင့်အလမ်း များစွာကိုလည်း ဖန်တီးပေးပါသည်။ ထိုသို့တိုးတက်ပြောင်းလဲမှုများကြောင့် ပိုမို ကောင်းမွန် သော ခရီးစဉ်ဒေသများဖော်ဆောင်ခြင်း၊ အကောင်းဆုံးသော နည်းပညာများနှင့် တီထွင် ဆန်းသစ်မှုများပြုလုပ်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်သော ရေရှည်တည်တံ့ခရီးသွား လုပ်ငန်း တစ်ခု ဖြစ်လာစေရန် လုပ်ဆောင်နိုင်စွမ်းများတိုးတက်လာနိုင်သည်ဟု UNWTO ၏ Secretary-General, Zurab Pololikashvili မှ ပြောကြားခဲ့ပါသည်။

အာရှနှင့် ဥရောပတွင် ၂၀၁၈ခုနှစ် အစပိုင်းကတည်းကပင် ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်လာခဲ့ပြီး ၂၀၁၈ခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း အရှေ့တောင်အာရှတွင် ၁၀ ရာခိုင်နှုန်းနှင့် အာရှတိုက်တောင်ပိုင်းတွင် ၉ ရာခိုင်နှုန်းတိုးတက်လာကြောင်းတွေ့ရပါသည်။

ကမ္ဘာ့အကြီးဆုံးခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သောဒေသတစ်ခုဖြစ်သည့် ဥရောပတွင် ၂၀၁၈ခုနှစ် ပထမ (၄) လအတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှုသည် ၇ ရာခိုင်နှုန်း တိုးတက် လာသည်ကို တွေ့ရှိခဲ့ရပြီး တောင်ပိုင်း မြေထဲပင်လယ်ဥရောပနှင့် အနောက်ဥရောပတို့တွင် ၈ ရာခိုင်နှုန်းတိုးတက်လာသည်ကို တွေ့ရှိရပါသည်။

တောင်အမေရိကသို ခရီးသွားဧည့်သည် ၀င်ရောက်မှုသည် ၈ရာခိုင်နှုန်းထိ တိုးတက် လာပြီး အမေရိကတိုက် တစ်ခုလုံးအတွက် ၃ ရာခိုင်နှုန်းတိုးတက်လာမည်ဟု ခန့်မှန်းထား ပါသည်။ ၂၀၁၇ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလတွင် တိုက်ခတ်ခဲ့သော hurricanes မုန်တိုင်းကြောင့် အမေရိက၏ ဒေသခွဲဖြစ်သည့် Caribbean ဒေသသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှု ၉ ရာခိုင်နှုန်းလျော့ကျသွားကြောင်း တွေ့ရှိရပါသည်။

သတင်းအချက်အလက်များအရ အာဖရိက နှင့် အရှေ့အလယ်ပိုင်းတို့တွင် ၆ ရာခိုင်နှုန်း နှင့် ၄ ရာခိုင်နှုန်း အသီးသီးတိုးတက်လာကြောင်းသိရှိရပါသည်။

UNWTO Panel of Tourism Experts ၏ နောက်ဆုံး survey အရ ကမ္ဘာတစ်ဝှမ်း ခရီးသွားလုပ်ငန်း သည် ခိုင်မာစွာ ရပ်တည်ကျန်ရှိလိမ့်မည်ဟု ယုံကြည်ထားပါသည်။ Panel ၏ သုံးသပ်ချက်အရ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပ တို့တွင် မေလနှင့် သြဂုတ်လ အတွင်းကာလသည် ဆယ်စုနှစ်အတွင်း အကောင်းဆုံး ကာလဖြစ်သည်ဟု သုံးသပ်ထား ပါသည်။ ၂၀၁၈၏ ပထမဆုံး (၄)လ သည် နိုင်ငံတစ်ဝှမ်းရှိ ဒေသများတွင် ခရီးသွားအများဆုံး ကာလဖြစ်သည်ဟု မှတ်တမ်းရရှိထားပါသည်။

#DHT_Upper_Myanmar

Ref: UNWTO

Leave a Reply

Close Menu