Family Tourism

Family Tourism

Haikou ၏ ခရီးသွားလုပ်ငန်းဈေးကွက်မှာ Family tourismသည် ကျော်ကြားသောဈေးကွက် တစ်ခုပင်ဖြစ်သည်။ Haikou ၏ခရီးသွားလုပ်ငန်းဈေးကွက်မှာ မိဘများသည် နွေရာသီအားလပ်ရက်များ တွင် သူတို့၏ကလေးများနှင့် ခရီးသွားရခြင်းကို အထူးစိတ်ဝင်ပြီး သာမန်ထက်အကုန်ကျခံကာ မိသားစုခရီးသွား ခြင်းအတွက် ကြိုတင်Booking များပြုလုပ်လေ့ရှိပါသည်။
ယခုနှစ် မိသားစုခရီးသွားများအတွက် ကျော်ကြားသော နေရာဒေသများကဘယ်နေရာတွေလဲ????
ခရီးသွားကုမ္ပဏီများတွင် ဘိုကင်များဆုံးသောခရီးသွားများမှာ မိသားစုခရီးသွားများပင်ဖြစ်ပါသည်။ မိသားစု ခရီးသွားများသည် သူတို့အားလပ်ရက်များတွင် မိဘရောကလေးပါ ပျော်ရွှင်စွာအမှတ်တရများ ကျန်စေမည့် နေရာများဖြစ်သော ကျော်ကြားသော theme park, seashores နှင့် ancient townများအား နေ့ချင်းပြန်ခရီးသွားလေ့ရှိပါသည်။
နွေရာသီ အားလပ်ရက်များတွင် ခရီးသွားကုမ္ပဏီများအနေဖြင့် မိသားစုခရီးသွားများအတွက် ခရီးစဉ်ဆွဲပေးရသောနေရာများမှာ Beijing, Choghqing, Guizhou, Guilin တို့ပင်ဖြစ်ပါသည်။ နိုင်ငံရပ်ခြားခရီးသွားလိုသောမိသားစုများအတွက် ကလေးငယ်များမပင်ပန်းဘဲ ပျော်ရွှင်စွာအနားယူ အပန်းဖြေနိုင်သော နိုင်ငံများဖြစ်သော ဂျပန်နှင့်အရှေ့တောင်အာရှနိုင်ငံများသို့ခရီးစဉ်ပေးလေ့ရှိသည်။ ထို့အပြင် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အမေရိကန်၊ သီရိလင်္ကာနှင့် စင်္ကာပူနိုင်ငံများသည် 2018 ခုနှစ်တွင် ခရီးသွားအများဆုံးသောနိုင်ငံများပင်ဖြစ်သည်ဟု Ms.Lu အရောင်းစာရေးမမှ ပြောကြားခဲ့ပါသည်။
မိသားစုခရီးသွားများသည် ပြည်တွင်းခရီးသွားရန်အတွက် ၃၀၀၀ယမ်မှ ၆၀၀၀ယမ်ထိအသုံးပြုကြပြီး ၁၅ရက်ကြာရှည်သည့်နိုင်ငံရပ်ခြားများဖြစ်သော အမေရိကန်၊ နယူးဇီလန်၊ သြစတေးလျ၊ ဗြိတိန်စသည့်နိုင်ငံများသို့ခရီးသွားရာတွင် ၃၀၀၀၀ယမ်ထိအကုန်ကျခံ သွားရောက်လည်ပတ်လေ့ရှိကြသည်။ ဇူလိုင်လအထိ နွေရာသီပိတ်ရက်အားလပ်ရက်များတွင် အသုံးပြုသောကုန်ကျစရိတ်များအားအရင်နှစ် အသုံးပြုခဲ့သောကုန်ကျစရိတ်များအားနှိုင်းယှဉ်ကြည့်လျှင် အတူတူပင်ဖြစ်ပါသည်။ ဤမိသားစုအလိုက်ခရီးသွား များသည် ယခုနှစ်တွင် ခရီးသွားလုပ်ငန်းကို အများဆုံးသွားရောက်လည်ကြပါသည်။ ဟိုတယ်များ၊ မိသားစုဟိုတယ်များနှင့် ဧည့်ဂေဟာများကိုလည်းခရီးသွားများသည် အင်တာနက်မှတဆင့်ရှာဖွေကာ ဘိုကင်ပြုလုပ်ခြင်းမှာလည်း ခရီးသွားများကြားတွင် ကျော်ကြားလျက်ရှိပါသည်။
ref: Haikou Daily

 

Leave a Reply

Close Menu