Information Counter

Information Counter

Information Counters များ (သို့) Visitor Centerဟူသည်မှာ ခရီးစဉ်ဒေသတစ်ခု အတွက် ပြီးပြည့်စုံသောသတင်းအချက်အလက်များ စုစည်းတည်ရှိရာ၊ ဧည့်သည်များ၏ လိုအပ်ချက်အဝအဝကို ဖြန့်ဝေရာနေရာ ဒေသတစ်ခုဖြစ်သည်။Information Counter အနေနှင့် ဖော်ရွေစွာကြိုဆိုခြင်း၊ ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးများရှိသည့်အပြင် ယုံကြည်စိတ်ချရသော သတင်းအချက် အလက်များကို ပေးရန်တာဝန်ရှိပါသည်။နိုင်ငံတကာ မှလာရောက်လည်ပတ်သူ ဧည့်သည်များ၏စိတ်ကျေနပ်မှု၊ ယုံကြည်စိတ်ချမှုများ ရရှိစေရန် InformationCounter တစ်ခုအနေနှင့်အောက်ပါ အရည်အချင်းများလည်းလိုအပ်ပါသည်။ ကမ္ဘာသုံး အင်္ဂလိပ်စကားကို ကောင်းမွန်စွာနားလ. ည်နိုင်ခြင်း၊ ခရီးစဉ်ဒေသအကြောင်းအား ကျွမ်းကျင်နှံ့စပ်စွာသိရှိခြင်း၊ လိုအပ်လျှင် ဒေသခံလမ်းညွှန်အဖြစ်ဆောင်ရွက်စွမ်းဆောင်နိုင်ခြင်း၊ မြေပုံများ၊ လမ်းညွှန်များကိုကောင်းစွာ provide လုပ်နိုင်ခြင်း၊ Public toilets တည်နေရာများ၊ Public/Privatetransport များ၏ information များသိရှိခြင်း၊ ATMများ၊ ငွေလဲလှယ်ရာနေရာများကို ချက်ခြင်းလမ်းညွှန်မှုပြုနိုင်ခြင်း၊ ဒေသထွက်ပစ္စည်းများ၏ up-to-date သတင်းအချက်အလက်များကို ချက်ခြင်းပေး နိုင်ခြင်း စသည့်အရည်အချင်းများဖြစ်သည်။ယနေ့ခေတ်တွင် Information Counter များအနေဖြင့်သတင်းအချက်အလက်များ ပေးနိုင် ရုံသာမက ခရီးသည်များ၏ data အချက်အလက်များအား စစ်တမ်းကောက်ယူခြင်း၊ Destination ဈေးကွက်အသစ်များကို ရှာဖွေဖော်ထုတ်ပေးနိုင်ခြင်း၊ ဒေသခံနှင့် ဧည့်သည်များ အကြား ထိရောက်သော ချိတ်ဆက်မှုများပေးနိုင်သည့်အပြင် ရေရှည်တည်တံ့၍Valuable ဖြစ်သော destination တစ်ခုဖြစ်လာစေရန်အဓိက သတင်းဖြန့်ဝေ၊ ပညာပေးရာနေရာတစ်ခု ဖြစ်လာသည်။One-stop service ပေးနိုင်သော နေရာတစ်ခုဟုလည်း သတ်မှတ်လာနိုင်ကြသည်။သတင်းအချက်အလက်များပေးခြင်း၊ ခရီးသည်များအတွက်အဆင်ပြေနိုင်မည့်ခရီးစဉ် Plan များဝေမျှခြင်းများအပြင် မြေပုံများ၊ ခရီးသွား Promotion Poster များ၊ ခရီးသွားလမ်းညွှန်များနှင့် အခြားခရီးသွားဆိုင်ရာ Official Publication များအားရောင်းချခြင်း၊ ဒေသထွက်အနုပညာ ပစ္စည်းများနှင့်လက်မှုပစ္စည်းများအားရောင်းချခြင်း၊ Local tour guideservice များနှင့် ချိတ်ဆက် ပေးခြင်း၊ ကော်ဖီနှင့်အစားအစာများရောင်းချခြင်း၊ ဓာတ်ပုံ copy ကူးခြင်း၊ Fax, email,and internet access များဝန်ဆောင်မှုပေးခြင်း၊ ငွေလဲလှယ်မှု(Currency exchange) စသည့် ဝန်ဆောင်မှုပေးခြင်းစသည်တို့ဆောင်ရွက်ပေးခြင်းဖြင့် Revenue Generationတည်ဆောက်ခြင်းများပြုလုပ်ရန် လိုအပ် သည်။ထို့အပြင် ခရီးသွားဧည့်သည်များ၏ Current tourism trend အပေါ် တုန့်ပြန်ချက်များ အပေါ် မူတည်၍ “Lengthof stay, Places they plan on visiting, TripExpenditure” စသည့် အဓိကကျသော အချက်အလက်များအား capture, analyze and supply စသည့်အချက်(၃)ချက်ဖြင့် စစ်တမ်းကောက်ယူလေ့လာမှုများပြုရမည်။ရရှိလာသော data collection များအား Government နှင့်Local stakeholders များသို့ဖြန့်ဝေခြင်းဖြင့် ၄င်းတို့အနေနှင့်သင့်တော်သောPolicy Changing များ၊ သင့်တော်သော ဈေးကွက်ပုံစံများကို မြှင့်တင်ပြောင်းလဲရောင်းချဆွဲဆောင်နိုင်မည်ဖြစ်ပါသည်။ဒေသတွင်းရှိDMOပုံစံများအပေါ်မူတည်၍ ဒေသခံများဘက်မှပေးနိုင်သော suppliers type များနှင့် ချိန်ညှိ၍ ခရီးသည်များအား information ပေးခြင်းဖြင့်လည်း market promoter ပြုလုပ်ပေးရမည် ဖြစ်ပါသည်။ထိုသို့ Marketing လုပ်ဆောင်ရာတွင် website များ၊social media များအားလည်းထိရောက်စွာ အသုံးပြုအသုံးချနိုင်ရမည်ဖြစ်ပါသည်။ Information Counter (or) VisitorCenter များသည်ခရီးသွားဧည့်သည်များအတွက် သာမက ဒေသခံလူထုအတွက်လည်း အရေးပါသောနေရာတစ်ခုဖြစ်ပါသည်။ ဒေသခံများနှင့် ဧည့်သည်များအကြား နားလည်မှုလွဲမှား နိုင်သော ကိစ္စရပ်များကို စေ့စပ်ညှိနှိုင်းဖြေရှင်းပေးရန် သာမက ဒေသခံများ၏ Tourism အပေါ် အမြင်များအားဂရုတစိုက်ရှင်းလင်းပြသနိုင်ရမည်။ဒေသခံများအား Tourism မှရရှိနိုင်မည့် အကျိုးအ မြတ်များကောင်းစွာ သိရှိအောင် အသိပညာ ပေးရမည်။Negative Effect များအားလည်း ရှင်းလင်း ပြသရန်လိုအပ်သည် ။သို့မှသာ tourist နှင့် local community ကြားနားလည်မှု လွဲခြင်းများ လျော့ချနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့Local Engagement ကိုကောင်းမွန်စွာဆောင်ရွက်နိုင်သောInformation Counter များသည် Tourism Industry အတွက်များစွာ အရေးပါလှသည်။Information Counter Management ကောင်းမွန်မှုဥပမာများကို Panama and Cuatemala Project များတွင်ကောင်းမွန်စွာလေ့လာနိုင်ပါသည်။

Leave a Reply

Close Menu