သင်္ကြန်အတက်နေ့ နိုင်ငံခြားသားများပိုမို ပါဝင်ပျော်ရွှင်လာ

မန္တလေးလမ်းလျှောက်သင်္ကြန်ရဲ့ နိုင်ငံခြားသား ခရီးသွားများ ပါဝင်ပျော်ရွှင်မှုနှုန်းထားဟာ အရင်ကထက်ပိုမိုများပြားလာသည်ကို တွေ့ရပါသည်။

Continue Reading

မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်၌ အစိုးရအဖွဲ့ဝင်လူကြီးများလည်း ပါဝင်အားဖြည့်

မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်အစိုးရမဏ္ဍပ်များ၌ အစိုးရအဖွဲ့လူကြီးများလည်း လာရောက် ပါဝင်အားဖြည့်ကြသည်ကို တွေ့ရစဉ်

Continue Reading

သင်္ကြန်အပျော်တွေ ကူးစက်စေချင်သူ

သင်္ကြန်ကာလမှာ ကိုယ်လည်း ပျော်ရွှင်သလို သူများကိုလည်း ပျော်ရွှင်အောင် လုပ်ပေးနေကြတဲ့လူတွေရှိပါတယ်။ သူတို့ရဲ့ ပျော်ရွှင်အောင်လုပ်နိုင်စွမ်းဟာ လူတိုင်းအပေါ်မှာ အတူတူပါပဲ။ ကျွန်တော်တို့ရဲ့ ပြည်သူ့ဝန်ထမ်းတွေ ပင်ပန်းနေရင်လည်း ပျော်အောင် လုပ်ပေးနိုင်သလို အခြား ရေကစားကြသူတွေကိုလည်း ပျော်သထက်ပျော်အောင် လုပ်ပေးနိုင်ပါတယ်။ သူ့ရဲ့ ပေးလိုရင်းလေးက "ကျွန်တော်တို့တွေဗျာ... အသက်ကြီးလာတာနဲ့အမျှ ပျော်ရွှင်မှု့ကို ငွေနဲ့လဲနေရတယ်.... ကိုယ့်ကိုမြင်တာနဲ့ သူတို့ ပြုံးကြရယ်ကြဆိုရင် ကျွန်တော် ကုသိုလ်ရပါတယ်.... အနှောင်အဖွဲ့ ကင်းကင်းပြုံးနိုင်ကြပါစေ" ပုံ အလင်္ကာကျော်စွာထိပ်တင်ဂျိုး ကျွန်တော်တို့ရဲ့ သင်္ကြန်မင်းသားကြီး Facebook Page…

Continue Reading

Tree Jade အင်ကြင်းကမ္ဘာ

အင်ကြင်းကျောက်တွေကို ထိတွေ့ခံစားချင်ပါသလား။ ကျုံးတောင်ဘက်က လမ်းလျှောက်သင်္ကြန်ပွဲမှာ နွားထိုးကြီး Tree Jade အင်ကြင်းကျောက်လုပ်ငန်းရှိပါတယ်။ ရေပက်ခံထွက်ရင်း ဝင်လေ့လာကြပါနော်။

Continue Reading

Tourism SME sector Development

မြန်မာ့သနပ်ခါးဆိုတာ မြန်မာတွေရဲ့အဖိုးတန်အဆင်တန်ဆာတစ်ခုပါ။ ကမ္ဘာမှာ မြန်မာတို့ရဲ့ မည်သည့်နိုင်ငံနှင့် မျှမတူတဲ့ အမှတ်အသားတစ်ခုဟာ သနပ်ခါးပါးကွက်ကြားလေးနဲ့ မြန်မာလူမျိုးများဖြစ်ပါတယ်။ ဒေါ်သီသနပ်ခါးမှ ယခုနှစ် လမ်းလျှောက်သင်္ကြန်အတွက် ပါဝင်အားဖြည့်ပေးထားပါတယ်။

Continue Reading

Man Nyunt San Toy Mart

Man Nyunt San Toy Mart မဏ္ဍပ်ရှေ့က Foam party တစ်နှစ်ထက်တစ်နှစ် ပိုပျော်စရာကောင်းလာတဲ့ မန္တလေးလမ်းလျှောက်သင်္ကြန် ဒီနှစ်မန်းသင်္ကြန်လာရောက်လည်ပတ်သူများကို ပျော်ရွှင်စွာ ဓာတ်ပုံရိုက်၊ ကခုန်ပျော်ပါးရင်း မိသားစုများ၊သားသားမီးမီးများနဲ့ အေးမြပျော်ရွှင်စေမှာ မန်းသင်္ကြန်နဲ့အတူ Man Nyunt San foam party ပါ Foam partyနဲ့ မိသားစု ပျော်ချင်ရင် မန္တလေး ကျုံးတောင်ဘက်…

Continue Reading

ရိုးရာမပျက်ဆင်နွှဲပျော် မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်

မန္တလေးမြို့ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် ပြည်သူများ စိတ်လက်ချမ်းသာစွာ ရေဆော့ကစားနိုင်ရန် မန္တလေးမြို့တော်၏ ဌာနအသီးသီးမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေပါသည်။မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့မှလည်း ယာဉ်အန္တရာယ်ကင်းရှင်းစေရန် နေ့မအားညမအား တာဝန်ထမ်းဆောင်ပေးနေပါသည်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မန္တလေးမြို့တော်ကြီး အတာသင်္ကြန်တွင် သန့်ရှင်းလှပသာယာနေစေရန် အားတက်သရော တာဝန်ထမ်းဆောင်ပေးနေပါသည်။ ပြည်သူများ၏ ထိခိုက်ဒဏ်ရာရရှိမှုများမှ အကာအကွယ်ပေးရန် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းမှ အချိန်ပြည့်ဝန်ဆောင်မှုပေးနေပါသည်။ မန္တလေးမြို့သူမြို့သားများကလည်း စည်းကမ်းတကျ အတာရေသဘင်ပွဲ ဆင်နွှဲနေကြသဖြင့် အနယ်နယ်အရပ်ရပ်မှ ပါဝင်ဆင်နွှဲလိုသူများလည်း လာရောက်လည်ပတ်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ ရိုးရာမပျက်ဆင်နွှဲပျော် မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်

Continue Reading

အမဲဆီလူသား

သင်္ကြန်လို့ ပြောလိုက်ရင် ငယ်ငယ်က ခွက်စောင်းခုတ်တာအပြင် အိုးမဲလိုက်သုတ်ကြတာပါ သတိရမိမယ်ထင်ပါတယ်။ အိုးမဲသုတ်ရင် ညစ်ပတ်တယ်ထင်လို့ သနပ်ခါးပြောင်းလူးပေးကြတာပါ။ ငယ်ဘဝကို မမေ့နိုင်တဲ့လူတယောက်ကတော့ ပွင့်ပွင့်လင်းလင်းပဲ အမဲဆီတွေ သုတ်ပြီး ပျော်ပါးနေပါတယ်။ သူ့ကို သဘောကျလို့ နိုင်ငံခြားသားတွေပါ ဝင်ပျော်ပါးနေကြတာလည်း တွေ့ရပါလိမ့်မယ်။

Continue Reading
Close Menu